Main menu

ကျိုက်လတ်မြို့နယ်ရှိ စက်သုံးဆီ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တရားမဝင်အဖွဲ့နှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့၊ တပေတမော့ကျေးရွှာရှိ “ဖွံ့ဖြိုးအောင်”၊ “သာမညဖြိုး” Denko စက်သုံးဆီအရောင်းဆိုင်များအား တရားမဝင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက် အခြေ အနေများကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းက စက်သုံးဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေ၊ အလေးချိန်အချိန်အတွယ် ပြည့်ဝမှုရှိ/ မရှိ နှင့် ခရီးသွားပြည်သူများ သွားလာမှုချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး အတွက် စက်သုံးဆီပြက်လတ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)