Main menu

အင်းမ အ.ထ.က ကျောင်း တွင် လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမကျေးရွာ အ.ထ.က ကျောင်းတွင် လူငယ်အသိပညာပေးခြင်း၊ စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၂၉.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)အချိန်မှ (၁၂:၀၀)အချိန် ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြပါသည်။

     အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ လူငယ်များစာပေ ဖတ်ရှုခြင်းအကျိုး၊ အမှိုက်များကိုစနစ်တကျစွန့်ပြစ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက  လူငယ်အားကစား၊ အားကစားနှင့် ခန္ဓာကိုယ်အတွက် ကျန်းမာခြင်း အကျိုးကျေးဇူးကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဒေါ်သင်းသင်းမာက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်များတွင် ဖော်ပြရမည့်အချက်အလက်များအကြောင်း ကိုလည်းကောင်း၊ စားသုံးသူ၏ အခွင့်အရေး (၈)ချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင်   စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သော နည်းလမ်းများ၊ Consumer Call Center 1535 သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)