
မိုးဦးကာလပေါ်ဦးခါစ မန်ကျီးသီးစိမ်းအသေးလေးများမှာ ဈေးကွက်အတွင်းဈေးကောင်းရရှိလျက်ရှိပါသည်။ မန်ကျီးပင်သည် နှစ်ရှည်စိုက်ပျိုးရသော အပင်လည်းဖြစ်ပါသည်။ မန်ကျီးသီးစိမ်းများကို ငပိကြော်စား ရာတွင်လည်းကောင်း၊ ငပိနှင့်ရောယှက်၍ ထောင်းစားရာတွင်လည်းကောင်း အသုံးပြုချက်ပြုတ်စားသောက်ကြသည်။ တချို့မှာပုဇွန်နှင့်ရော၍ ကြော်စားကျပါသည်။ ယခုအခါတွင် ဈေးကွက်အတွင်းတွင် မန်ကျီးသီးစိမ်း ကလေးများ ၁၀ကျပ်သားလျှင် (၁၈၀၀- ၂၀၀၀) ကျပ်ထိရှိကြောင်း ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသူများထံမှ သိရှိရကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)