Main menu

ပုသိမ်မြို့တွင်းရှိ ရာသီစာဖြစ်သော ကတက်ဥ ဈေးကွက်အကြောင်း

Powered by Drupal

      မိုးဖြိုင်ဖြိုင်ရွာပြီးစိုစွတ်တဲ့ ရာသီမှာထွက်ပေါ်တဲ့ရာသီစာ ကတက်ဥကို လူတော်တော် များများ မြင်ဖူးကြမှာပါ။ အဖျားမှာဖြူဖွေးပြီး လုံးလုံးတုတ်တုတ်အရွယ်ရှိပြီး၊ သွယ်လျလျပုံစံ လည်းရှိပါသည်။ ကတက်ဥကို ပုသိမ်မြို့အနီးဝင်းကျင်ရှိရွာများတွင်လည်း စိုက်ပျိုးကြပါသည်။ ကတက်ဥကို သင်္ဘောဥ ဟုလည်းတချို့ကခေါ်ဆိုကြသည်။ ကတက်ဥကို ဟင်းချိုချက် သောက်ရာတွင် ခံတွင်းရှင်းလင်းစေပြီး ထမင်းလည်းမြိန်စေပါသည်။ တချို့မှာ ပုဇွန်နှင့်ရော၍ ချက်ပြုတ်ကြပါသည်။ ကတက်ဥ အရွယ် အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါသည်။အသေး တစ်ဥလျှင်(၇၀၀) ကျပ်၊ အလတ်တစ်ဥ လျှင် (၁၅၀၀)ကျပ်နှင့် အကြီးတစ်ဥလျှင်(၂၀၀၀)ကျပ်ရှိကြောင်း ရောင်းချသူထံမှ သိရပါသည်။

(Doca ဧရာဝတီ)