Main menu

မီးဖိုချောင်သုံး ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

      နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မဖြစ်မနေအသုံးပြုရသော မီးဖိုချောင်သုံး သီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်ဖြူမှာ ပြည်ဒေသအတွင်း စိုက်ပျိုးထွက်ရှိခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူအများဆုံးထွက်ရှိရာဒေသဖြစ်သော ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အဓိကထား ဝယ်ယူရသည့် အောင်ပန်းမြို့နယ်များမှ ဝယ်ယူရောင်းချနေခြင်း ဖြစ်ပါသည်။ ပြည်မြို့သို့အပတ်စဉ် ဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူ(ရှမ်းစ)တစ်အိတ်လျှင် ပိဿာချိန် (၃၀)မှ (၃၃)ပိဿာအထိ ဝင်ဆံ့သော အိတ် (၃၀၀/၄၀၀)ခန့် အဝင်ရှိပါသည်။ မန္တလေးမှလည်း ကြက်သွန်ဖြူ (ကြူကုတ်) များလည်း အဝင်ရှိပြီး (၁၃/၁၅) ပိဿာခန့်ဝင်ဆံ့သော အိတ်(၂၀၀)နီးပါးခန့် အဝင်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ)များမှာအရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် (၉၀၀၀-၁၁၀၀၀-၁၂၀၀၀)ကျပ်ဈေးရှိပြီး (ကြူကုတ်)အနေဖြင့် (၁၂၀၀၀-၁၃၀၀၀)ကျပ် ဈေးရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ခရိုင်အတွင်းမြို့နယ်များမှ လက်ကားဝယ်ယူသူများ ဒေသတွင်း လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)