Main menu

ပြည်ခရိုင်တွင်မိုးစမုံနက်နှမ်းများစတင်ထွက်ပေါ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မိုးစမုံနက်နှမ်းအသစ်များ ဈေးကွက်သို့ စတင်ထိုးဖောက် ဝင်ရောက်လာတာတွေ့ရပါသည်။ ဝင်ရောက်သည့် အိတ်အရေအတွက်မှာ ပေါ်ခါစဖြစ်၍ တစ်နေ့လျှင် အိတ် (၅၀/၁၀၀)ခန့် သာ ပန်းတောင်းဘက်မှ ဝင်ရောက်လာခဲ့ပါသည်။ ဈေးနှုန်း အနေဖြင့် ယခုဇူလိုင်လကုန်ပတ်တွင် မိုးစမုံနက်နှမ်း တစ်တင်းလျှင် (၂၅၀၀၀၀)ကျပ်ဖြင့် ဈေးဖွင့်၍ အရောင်းအဝယ်ဖြစ်ပြီး တစ်နေ့လျှင် အိတ်(၅၀)ကျော် ဖြစ်လျှက်ရှိပါသည်။ ယခင်လဖြစ်သော ဇွန်လကုန်ပတ်တွင် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သဖြင့် တစ်တင်း လျှင် (၅၀၀၀၀)ကျပ်ခန့် ဈေးမြင့်လာခဲ့ပါသည်။ နှမ်းနီမှာထွက်ပေါ်လာခြင်းမရှိသေး၍ ယခင် လှောင်နှမ်းလက်ကျန်များနှင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်လကအတိုင်း ဈေးငြိမ်နေပြီး တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ် (၅၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနက်မှာလည်း ယခုလတွင် ဝယ်လိုအားရှိလာ၍ တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ်ဖြင့် ယခင်လနှင့်ယှဉ်လျှင် တစ်တင်းလျှင် (၅၀၀၀၀)ကျပ်ခန့် ဈေးမြင့်လာပြီး အရောင်းအဝယ်မှာ နေ့စဉ် အိတ်အနည်းငယ်သာဖြစ်လျက်ရှိပါသည်။

     မိုးနှမ်းများသည် ‌နောက်လထဲတွင် အများအပြားထွက်ပေါ်လာမည်ဖြစ်ပြီး နှမ်းများ အထွက်လှိုင်ချိန်တွင် ဈေးအနည်းငယ်ကျဆင်းလာနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။

DOCA(ပဲခူး)