
ပြည်မြို့ရှိ ပွဲရုံများနှင့်၊ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲနှင့် ပဲပုတ်ပဲ များ၏ဈေးနှုန်းဈေးကွက်အခြေအနေအား လေ့လာကြ့ရာ -
မြေပဲ
ယခုဇူလိုင်လ၏နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ အရောင်းအဝယ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ ဆီကြိတ်မြေပဲဆန်(အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် ယခင်လကအတိုင်း ဈေးငြိမ်လျက်ရှိပါသည်။
ပဲလွမ်းဖြူ
ပြည်ဈေးကွက်ရှိ ယခု ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲလွမ်းဖြူဈေးမှာ တစ်တင်းလျှင် (၈၇၀၀၀-၈၈၀၀၀)ကျပ်ဖြင့် လက်လီသမားများက အဝယ်ရှိ၍ တစ်နေ့လျှင် အိတ် (၁၄/၁၅) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ထောပတ်ပဲ
ပြည်မြို့ရှိ ပွဲရုံများ၏ ဇူလိုင်လကုန်ပတ်တွင် ထောပတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် လက်လီသမားများသာ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၂၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဇွန်လကုန်ပတ်တွင် ထောပတ်ပဲ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်ဖြစ်ခဲ့၍ ယခုလတွင် တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးပိုလာခဲ့ပါသည်။
ပဲပုတ်
ပဲပုတ်ဈေးမှာ ယခုဇူလိုင်လကုန်ပတ်တွင် တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် ဒေသတွင်း လက်လီအဝယ်တစ်ရက်ကို အိတ် (၂၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခင်ဇွန်လ ကုန် ပတ်တွင် ပဲပုတ်တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဈေးအထိ မြင့်တက်ခဲ့၍ ယခုလတွင် ပဲပုတ် တစ်တင်းကို (၅၀၀၀)ကျပ်ခန့်ဈေးလျော့နည်းလာခဲ့ပါသည်။
ပဲနီပြား
ပဲနီပြားဈေးနှုန်းမှာ ယခုဇူလိုင်လကုန်အပတ်တွင် တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် လက်လီဝယ်ရောင်းသမားများဖြင့်သာ တစ်နေ့လျှင် အိတ် (၅၀/၁၀၀)ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ယခင် ဇွန်လကုန်ပတ်တွင် ပဲနီပြားတစ်တင်းလျှင် (၁၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိခဲ့ပြီး ယခုလတွင် တစ်တင်းလျှင်(၁၀၀၀၀)ကျပ်ခန့် ဈေးပိုလာခဲ့ပါသည်။
ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော၌ပဲများထဲတွင် ပဲပုတ်တစ်မျိုးသာ ယခင်လထက်ဈေးကျလာတာတွေ့ရပါသည်။
DOCA(ပဲခူး)