
တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားမြို့နယ်ဒေသများမှ ရာသီပေါ်သီးနှံများ ဝင်ရောက်ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးမှာ ယခုအပါတ်တွင် အသီး(ကြီး)(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ (၁၀)လုံးလျှင် (၉၀၀၀)ကျပ်၊ အလတ်(၁)လုံး ၇၀၀ ကျပ်၊ (၁၀)လုံး ၆၅၀၀ ကျပ်၊ အသေး(၁) လုံး ၅၀၀ ကျပ်၊ (၁၀)လုံး(၄၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဂေါ်ရခါးညွှန့်မှာ (၁)စီး ၁၃၀၀ ကျပ်၊ (၁၀)စီး (၁၁၀၀၀)ကျပ် ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိသည်။
ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်အပါတ်က (၁)ပိဿာ ၁၅၀၀ကျပ် ဖြစ်၍ (၃)ပိဿာ နှင့် အထက် ဝယ်ယူပါက (၁၃၀၀) ကျပ် ဈေးသာရှိပြီး ယခုအပါတ်တွင် (၁)ပိဿာ (၂၀၀၀)ကျပ် ၊ (၃)ပိဿာနှင့်အထက် ဝယ်ယူပါက (၁၈၀၀)ကျပ်ဈေးအထိ အနည်းငယ်မြှင့်တက်သွားကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)