Main menu

တောင်ငူမြို့တွင် ပန်းထိမ်ငိုပန်းများ ဈေးနှုန်းကျဆင်း

Powered by Drupal
တောင်ငူမြို့ဈေးများရှိ ဘုရားပန်းဆိုင်များတွင် အခြားပန်းများနှင့်အတူ ပန်းထိမ် ငိုပန်းများ ရောင်းချလျှက်ရှိသည်။ ယခင်လက ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများ ဝယ်ယူရောင်းချ လျက်ရှိရာ ယခုအခါ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရှမ်းဝတီးကျေးရွာမှ ပန်းထိမ်ငိုပန်းများ စတင်ရောင်းချလျက် ရှိနေပြီဖြစ်သည်။ ပန်းထိမ်ငိုပန်းများသည် မိုးတွင်းကာလ၌ ပွင့်တတ်သော ပန်းတစ်မျိုး ဖြစ်ပါသည်။ ပန်းထိမ်ငိုပန်းတွင် အဖြူရောင်၊ခရမ်းရောင်နင့် ပန်းရောင်စသည်ဖြင့် အရောင်များရှိသည်။ ပြင်ဦးလွင်မြို့ဘက်မှ ပန်းများသည် ဒေသတွင်းပန်းများထက် ပို၍ အပွင့်ကြီးသဖြင့် ဈေးကွက်အတွင်း ဈေးပိုရသည်။ ၁၀ပင်ပါ တစ်စည်းလျှင် ယခင်လက ၄၅၀၀ ကျပ်မှ ၅၀၀၀ကျပ် အထိရောင်းချပြီး ယခုအခါ ဒေသတွင်းမှ ပန်းများ စတင်ရောင်းချနေပြီ ဖြစ်သောကြောင့် ၁၀ပင်ပါ တစ်စည်းလျှင် ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ဈေးနှုးန်းအနည်းငယ် ကျဆင်း သွားပါသည်။ DOCA(ပဲခူး)