
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ၊ နံနက်နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေး အဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ရှိ SAN ဘက်ထရီ ရောင်းဝယ်ရေးဆိုင်သို့ သွားရောက် ၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက်စစ်ဆေးခဲ့ပါ သည်။
ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ်ထုတ်ပြန်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)