Main menu

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲဒါဘာကျင်းပ

Powered by Drupal

   ၄.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၏ လပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများမှ Zoom ဖြင့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ပထမဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြေကိစ္စများကို ဂရုစိုက်ဆောင်ရွက်ရန်၊ ပြည်ပပို့ကုန်ဆိုင်ရာအချက်အလက်များကို ပြုစုထားရှိရန်၊ ဒေသ ထွက်ကုန်ဆိုင်ရာ အချက်အလက်များကို ပြုစုထားရှိရန်၊ သီးနှံ (၁၀) မျိုးတို့၏ စိုက်အောင်ထွက်နှင့် ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသည့်အချက်အလက်များ ပြုစုထားရှိရန်၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍  ပြောကြားခဲ့ကြောင်း သိရ သည်။

  ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးက ယခုဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြား ခဲ့ပြီး စီမံရေးရာဌာနခွဲတာဝန်ခံက (၇/၂၀၂၅) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (၈/၂၀၂၅) ကို (၁၆:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)