
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှုလျော့နည်းလာကြောင်း၊ မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်းဒေသကြီးမှလည်း ဝင်ရောက် ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက် တွင် မင်းကွတ်သီး အကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၁)လုံး(၄၀၀)ကျပ် တို့ဖြင့်ရောင်းချ ကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကြက်မောက်သီးသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အကြီး (၁)လုံးလျှင် (၄၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)