Main menu

ကန့်ဘလူမြို့နယ်၌ ဒေသထွက်နဂါးမောက်သီးများ လှိုင်လှိုင်ရောင်းချနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသား အဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။

  ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီး ခူးဆွတ်ရာသီ ဖြစ်သောကြောင့် ဈေးကွက်အတွင်းလှိုင်လှိုင် ဝင်ရောက်လျက်ရှိကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ (၇-၈)ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် (၅-၆)လခန့် ဝင်ငွေရရှိနေသော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက် သီးနှံတစ်ခုဖြစ်ကြောင်း၊  ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၅၀၀မှ ၁၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)