Main menu

ကန့်ဘလူသစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၇၅၀)ကျပ်၊ စပျစ်သီးဗမာမျိုး(၁) ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှု နည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြသည့်အတွက် အရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)