
တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ခရိုင်ကျွန်းစုမြို့နယ်တွင် အများဆုံးလုပ်ကိုင်လျက်ရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်များတွင် ငပိကိုလည်း အများအပြားလုပ်ကိုင်ကြပါသည်။ ငပိကို ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်း တစ်မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါသည်။ ငပိအမျိုးအစား အမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်းရှိကြောင်း သိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့က ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ငပိတစ်ပိဿာလျှင် (၈၀၀၀)ကျပ် နှင့် (၉၀၀၀)ကျပ်ရှိပြီး ယခင်ပတ်များတွင်လည်း ဈေးနှုန်းမပြောင်းလဲကြောင်းလည်း သိရှိရပါသည်။
DOCA(တနင်္သာရီ)