
စွန်ပလွန်သီးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ အဓိကအစားအစာ တစ်မျိုးအဖြစ် နှစ်ပေါင်း များစွာ စားသုံးခဲ့ကြပါတယ်။ စွန်ပလွန်ပင်သည် အုန်းပင်၊ထန်းပင်မျိုးတို့ အမျိုးအစားတွင် ပါဝင်၍ ရာသီဥတု ပူပြင်းခြောက်သွေ့သောဒေသများတွင်ပေါက်ရောက်ပြီး အပန်းဖြေရန် အရိပ်ကောင်းပေးသည့် အပင်ဖြစ်သည်။စွန်ပလွန်ပင်သည် လှပတင့်တယ်သော သစ်ပင်မျိုးဖြစ်၍ အချို့နိုင်ငံများတွင် စွန်ပလွန်ပင်များကို အလှအပသက်သက်ဖြင့် စိုက်ပျိုးထားကြသည်။
လူကြိုက်များပြီး ဒေသဈေးကွက်နှင့်နိုင်ငံတကာဈေးကွက်တို့တွင် ရောင်းချနိုင်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သောအပင်ဖြစ်ပါသည်။ ယခုအခါတွင် စွန်ပလွန်သီးအမျိုးအစား အများအပြားရှိလာရာမှ အရောင်အသွေးနှင့် အရသာများလည်း ကွာခြားလျက်ရှိလာပါသည်။ လတ်ဆတ်သော စွန်ပလွန်သီးများကို ပြည်တွင်းတွင် ရောင်းချကြသလို အစားအသောက်ပြုပြင်ရောင်းချသည့်ကုမ္ပဏီများသို့ရောင်းချပြီး ကုန်တိုက်နှင့် စျေးများသို့ တင်ပို့ ရောင်းချကြသည်။ စွန်ပလွန်သီး(10kg) တစ်ပုံးလျှင်(၈၀၀၀၀) ကျပ်မှ(၁၀၀၀၀၀)ကျပ်အထိ ဈေးရှိကြောင်းနှင့် ထိုင်း၊မလေးရှားစသည့် နိုင်ငံများမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ၎င်းတွင် ထူးခြားသောအရသာနှင့် ကျန်းမာရေး အကျိုးကျေးဇူးကြောင့် စွန်ပလွန်သီးကို နိုင်ငံအနှံ့အပြားတွင် စားသုံးကြကြောင်း လေ့လာသိရှိရပါသည်။
DOCA(တနင်္သာရီ)