Main menu

ဒေသထွက်ရေချို ငါးသစ်တုံး ဈေးနှုန်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ မိုးကာလဇူလိုင်လ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ် ဈေးများတွင် ရေချိုငါးတစ်မျိုးဖြစ်သည့် ငါးသစ်တုံးငါးများ ဈေးကောင်းရကာ အရောင်းသွက် လျက်ရှိကြောင်း သိရသည်။

      ငါးသစ်တုံးငါးများသည် ရေချိုပိုင်းဖြစ်သည့် မြစ်၊ ချောင်း၊ အင်းအိုင်၊ချောင်းမြောင်းများတွင် သာအများဆုံးတွေ့ရသည်။ ငါးသစ်တုံးငါးများကို မိုးကာလဇူလိုင်လမှဩဂုတ်နှင့်စက်တင်ဘာလ လောက်အထိတာ ငါးသစ်တုံးပေါ်ချိန်ဖြစ်သည်ဟုဆိုကြသည်။ ဒေသခံစားသုံးသူများက ငါးသစ်တုံး ငါးကို ဆီပြန်ဟင်း၊ အကြွပ်ကြော်၊ ငါးအိုးကပ်စသည်ဖြင့် ပြုလုပ်စားသောက်ကြပါသည်။ ငါးသစ်တုံး ငါးလေးများသည် အရိုးပါဝါးစားရသောငါးမျိုးဖြစ်သည်။ ငါးသစ်တုံးငါးလေးများ စားပေးခြင်းသည် အရိုးပွရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။ ငါးသစ်တုံးငါးလေးများ၏ ဈေးနှုန်းများ မှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀၀ /၂၅၀၀၀)ကျပ်တို့ဖြင့် ဒေသထွက်ရေချိုငါးသစ်တုံးငါးကလေးက ဈေးကောင်းလျက်ရှိကြောင်း သိရ သည်။

    ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကို အခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များ ပေါများပြီး ဒေသထွက်ရေချိုငါးများထွက်ရှိသည်။ ဘားအံမြို့အနီးတဝိုက် ကျေးရွာများရှိ ဒေသခံအချို့သည်သံလွင်မြစ်ကိုအမှီသဟဲပြု၍ တံငါအလုပ်ဖြင့်အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများ တနိုင်တပိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထား လာရောက်ရောင်းချကြောင်း  သိရသည်။

DOCA(ကရင်)