Main menu

အခြားဒေသထွက် ဖရဲသီးများ ကရင်ဈေးကွက်သို့ ဝင်ရောက်

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ အခြားဒေသထွက်ဖရဲသီးများ ဈေးကွက် ဝင်ရောက်လျက်ရှိကြောင်းနှင့်ကုန်သည်လောကအခေါ် ဒုံးပျံဖရဲသီးအမျိုးအစား ဖြစ်ကြောင်းသိရ သည်။ ဖရဲသီးအလုံးရေ (၅၀၀၀/၆၀၀၀)ပါ (၁၂)ဘီးကားတစ်စီးလျှင်  (၁၂)သိန်းကျပ် ကုန်ကျစရိတ် ရှိကြောင်းနှင့် ဖရဲသီးကို ထွက်ရှိရာဒေသများ၌ အခင်းဖြတ်စနစ်ဖြင့် ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ လုပ်သားခ အခြားကုန်ကျစရိတ်များ ထပ်ပေါင်းကာ အကြီးအသေး သောင်းပြောင်း ၂၀၀၀ ခန့်ကျသင့်ကြောင်း ဖောက်သည်ဈေးအနေဖြင့် အကြီးအသေး ၄၅၀၀ကျပ်တို့ဖြင့် ဖြန့်ဖြူးကြောင်း၊ ပယ်သီးနှင့် အလေအလွင့် ၅ရာခိုင်နှုန်းခန့် ထွက်ရှိကြောင်း သိရသည်။

     ကရင်ပြည်နယ် ဘားအံမြို့ပေါ်ဈေးများတွင် ဖရဲသီးဈေးနှုန်းမှာ အကြီး ၁လုံးလျှင် ၅၀၀၀ ကျပ်၊ အလတ် ၁လုံးလျှင် ၃၀၀၀/၄၀၀၀ကျပ်နှင့်  အသေး ၁လုံးလျှင် ၁၅၀၀/၂၅၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)