Main menu

ယခုပတ်တွင်ဖြစ်ပေါ်နေသော စားသုံးဆီနှင့် စားဖိုဆောင်သီးနှံဈေးနှုန်း/ဈေးကွက်

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့၊လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ မြေပဲဆီ(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်နှင့် စားအုန်းဆီ(၁)ပိဿာလျှင်(၆၇၀၀)ကျပ်တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ ၏ဈေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင်(၇၅၀၀)ကျပ်၊ မြေပဲ ဆန်(၁)ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ဂျင်း(၁)ပိဿာ လျှင်(၃၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း(၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ပဲနီလေး (၁)ပိဿာ လျှင်(၁၂၅၀၀)ကျပ်၊ ငရုတ်သီး (အရှည်) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငရုတ်သီး အပု (၁) ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပဲတောင်းရှည် (၁)စည်းလျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ် လျှင် (၁၂၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်ခန့် ရှိပါကြောင်း စားဖိုဆောင်သီးနှံရောင်းချသူများထံမှ သိရှိရပါသည်။

            ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်နီ (၁)ပိဿာလျှင်(၂၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်သွားပြီး မြင့်တက်ရခြင်းမှာ မိုးတွင်းကာလဖြစ်သည့်အတွက် ကြက်သွန်နီများ ပုပ်သိုးပျက်စီးမှုများ များပြားလာခြင့်ကြောင့် ဈေးတက်ရခြင်းဖြစ်ပါကြောင်းနှင့် ဂျင်း (၁)ပိဿာ လျှင်(၁၀၀၀) ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၅၀၀) ကျပ်၊ ပဲနီလေး (၁)ပိဿာလျှင်(၅၀၀)ကျပ်၊ ငရုတ်သီး အပု(၁)ပိဿာလျှင်(၅၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၃၀၀)ကျပ်၊ ပဲတောင်းရှည်(၁)စည်းလျှင် (၃၀၀)ကျပ်စီဖြင့် ဈေးနှုန်းကျဆင်းသွားပြီး ကျဆင်းလာရခြင်းမှာ ဒေသခံ ပြည်သူများ ပြန်လည်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အတွင်း ဟင်းသီးဟင်းရွက်များ တင်သွင်း ရောင်းချလျက်ရှိသည့်အတွက် ဟင်းသီးဟင်းရွက်ဈေးနှုန်းအများစုမှာ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိပါကြောင်းနှင့် ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ကယား)