
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ဗဟိုစာရင်းအင်းအဖွဲ့များပါဝင်သော ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များမှ မြိတ်မြို့၊ ထားဝယ်စုရပ်တွင်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ဘေးအန္တရာယ်ကင်းသောဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိနှင့် ဆေးဝါးစျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့ကွင်ဆင်းစစ်ဆေးရာတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ ယနေ့ဖြစ်ပေါ်နေ သောစျေးနှုန်းနှင့်ပတ်သက်၍ မေးမြန်ခဲ့ပြီး ဆေးဝါးဝင်ရောက်နေမှုအခြေအနေ၊ ဘေးအန္တရာယ်ရှိ သောဆေးဝါးများရောင်းချနေခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမရှိစေရေး စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)