Main menu

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့ နံနက် (၁၀ : ၃၀ ) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်း၊ စပ်ဆေးများရောင်းချခြင်း ရှိ/ မရှိ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/ မရှိ စစ်ဆေး ခြင်းတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊  ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း စစ် ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိသော ဆေးဝါးများသာဝယ်ယူရောင်းချကြရန် အသိပညာ ပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)