
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ပျဉ်းမကုန်းကျေးရွာရှိ “အောင်ချမ်းမင်း” စက်မုန့် ဟင်းခါးဖတ်နှင့် “အောင်” မုန့်ဟင်းခါးဖတ် MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် မုန့်ဟင်းခါးဖတ်လုပ်ငန်းများသို့ သွားရောက်ကာ မုန့်ဖတ်ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော မုန့်ဖတ်များအား စားသုံး ရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံ ချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးစားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)