
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့၌ ဆေးဆိုင်များအား လိုင်စင်ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို (၂၃-၇-၂၀၂၅) ရက်နေ့နံနက်(၁၀)နာရီက ဆေးဝါး ရောင်းချသည့် ဆေးဆိုင်(၇)ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ရောင်းချသော ဆေးဝါးများတွင်အ ညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ ဆေးပါကင်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ-မရှိ၊ စစ်ဆေးခြင်း၊ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနနှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သင်းသင်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)