
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)