Main menu

ဖျာပုံမြို့ သလိပ်ကြီးကျေးရွာရှိ “လှတိုးမင်း” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ စက်မှုကြီးကြပ်ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန် တွင် သလိပ်ကြီးကျေးရွာရှိ “လှတိုးမင်း”ဆန်စက်သို့ MSMEs  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစိစစ်ရာတွင် ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ကြိတ်ခွဲလည်ပတ်မှုအခြေ အနေများ၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအ တွက် ထုတ်လုပ်နေမှုအခြေအနေ တို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ဆန်စက်မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရေဆိုးရေစစ်ကန်များ သန့်ရှင်းမှုရှိစေရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(DOCA  ဧရာဝတီ)