Main menu

ဖျာပုံမြို့နယ်အတွင်းရှိ “ဂုဏ်” မုန့်ဖက်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစိစစ်

Powered by Drupal

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ ၊နံနက် (၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အပြောင်(၁၃)လမ်းရှိ “ဂုဏ်” မုန့်ဖက် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

    “ဂုဏ်” မုန့်ဖက် လုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်(၁၀)အိတ်ဖြစ်ပြီး တစ်အိတ်လျှင် ပိဿာ(၆၀)ခန့် ထွက်ရှိပြီး မုန့်ဖက်ထွက်ရှိမှုအနေဖြင့် ပိဿာ(၆၀၀)ခန့်ထုတ်လုပ်နိုင်ပြီး မုန့်ဖက်တစ်ပိဿာလျှင် လက်လီဈေး(၂၂၀၀) ကျပ်ဖြင့်ရောင်းချရသည်။ အလုပ်သမား(၅)ယောက်ဖြင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ပြီး လုပ်သားတစ်ဦးလျှင် နှုန်းထားအလိုက် တစ်လလျှင်(၂၃၀၀၀၀)ကျပ်ပေးချေရပြီး မြို့တွင်း၌သာ ရောင်းချလျက်ရှိပါသည်။

   ထို့နောက် ခရိုင်ဦးစီးမှူးက ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်ပြီး စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတုဆေးဝါးများသုံးစွဲခြင်းမပြုစေရေးတို့အတွက် အသိပညာပေး ဆွေးနွေးခဲ့ပြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)