Main menu

ကျောင်းကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၁)အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက်ကုန်အသီးအနှံများ၊ အသား/ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန် ၊ စဉ်းနီတုံးများကို အသား/ငါးများ ခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲ များကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံး ထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ် ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ဝမ်းလျောရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)