Main menu

မအူပင်မြိ့နယ် ဘုရားပန်းဈေးကွက်တွင် မြနှင်းချယ်ရီ ဘုရားပန်းများ ရောင်းအားကောင်းလျက်ရှိ

Powered by Drupal

        မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးကြသော်လည်း မိုးတွင်ကာလတွင် ပန်းများစိုက်ပျိုးထွက်ရှိမှု မရှိသောကြောင့် မအူပင်မြို့နယ် ဘုရာပန်း လိုအပ်ချက်အရ ရန်ကုန်သီရိမင်္ဂလာဈေးမှ မှာယူရောင်းချလျက်ရှိကြောင်း ဘုရားပန်းရောင်းချသူတစ်ဦးထံမှ သိရသည်။

            ရန်ကုန်မှ မြနှင်းချယ်ရီပန်းများကို မှာယူရာတွင် ပန်းအစီး တဖာမှာယူရကြောင်း၊ ပန်းတဖာလျှင် ပန်းထုံး ၁၈ထုံး ပါဝင်ကြောင်းသိရသည်။ ပန်းတဖာလျှင် ငွေကျပ် အရင်းအနှီးအနေဖြင့် ငွေကျပ် ၂၃၀၀၀၀ ဖြင့် ရန်ကုန်မှဝယ်ယူရပြီး၊ ပန်းတစ်ထုံးလျှင် ပြန်လည်ပြုပြင်ရောင်းချနိုင်ရန်အတွက် ငွေကျပ် ၂၀၀၀ကျပ်တန်း ပန်းစီး ၈စီး ထွက်ရှိသည်ဟူ သိရသည်။ ပန်းတဖာ ရင်းနှီးပါက အကျိုးအမြတ်အနေဖြင့် ၂၈၈၀၀၀ကျပ် ရရှိပြီး တန်ဇာခ ၁၀၀၀၀ကျပ် နှုတ်အပြီး အမြတ်ငွေ ၄၈၀၀၀ကျန်ရှိ၍ အဆင်ပြေလျှက်ရှိကြောင်း ရောင်းချသူထံမှ သိရသည်။ ဇူလိုင်လအတွင်း ရန်ကုန်မှ ဝင်သော ပန်းများကို အားထားရောင်းချရသဖြင့် အကျိုးအမြတ်ကျန်ရှိကြောင်းနှင့် အခြားသော နှင်းဆီ၊ ဂန္ဓမာအဖြူပွင့်ကြီး၊ ပန်းထိန်ငိုပန်းများ ပန်း(၅)မျိုးလောက် ကို ၄ရက်တစ်ခါ တစ်ဖာစီ ကုန်ကားများဖြင့် မှာယူရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)