Main menu

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန် စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိ များက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း ()ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့ နံနက် (၁၀း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ  ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင် များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီ အရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နံနက် (၀၈;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား  ရောင်းချနေသည့် စည်သွတ်ဘူးအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုး တို့အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း နှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမြိုင်ရပ်ကွက် အတွင်း ရှိမြချမ်းသာစားသာက်ဆိုင်များ KTV များနှင့် လမ်းဘေးဈေး ဆိုင်များအား အဖွဲ့စုံဖြင့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ စက်သုံး ဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်း များ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန် အတွယ်နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချ နေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အသေး စိတ်စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာ ရောင်း ချရန် လိုအပ်ကြောင်းနှင့် စားသောက်ဆိုင်များတွင် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ စစ်ဆေးပြီး စားသောက်ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေး ဖော်ပြစေခြင်း၊  မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (Size) ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်း မြင်သာစွာ ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက် ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေး အန္တရာယ်များ ကာကွယ်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာန ဥပဒေနှင့် ညွန်ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)