Main menu

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာ ကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၀၉;၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိသိန်းစံမုန့်မျိုးစုံ နှင့် အကြော်စုံလုပ်ငန်းသို့  လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံခြင်း()ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ သိန်းစံမုန့်မျိုးစုံ နှင့် အကြော်စုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံ ဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင် ကုန်အညွှန်း အမှတ်အသား လျှောက်ထားသည့်  မုန့်စကြာကြော်၊ ပဲလွန်းပြာကြော်၊ ငါးမှုန့်ကြော် နှင့် ဗယာကြော် အထုတ်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ရ ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါယ်ဖွင့်ဆိုချက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း နှင့် ကုန်အညွှန်း အမှတ်အသားများ လျှောက်ထားဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ပြီး မိမိတို့ဌာနမှ အခမဲ့ကူညီ ဆောင်ရွက်ပေးနေကြောင်း၊ အမိန့်ကြော်ငြာစာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက် သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)