Main menu

ကန့်ဘလူမြို့နယ်တွင် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စစစ၊ မြို့နယ်စည်ပင်၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် KTV ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဖိုချောင်များ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက်များအား စနစ်တကျချက်ပြုတ်ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်း အချက်အလက်များကို အသိပေးဖော်ပြထားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)