
မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မိသားစုတစ်နိုင်တစ်ပိုင် စားဝတ် နေရေးအတွက် MSME လုပ်ငန်းဖြစ်သော တို့ဟူးစိမ်းထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရှိရသည်။ တို့ဟူး ကျိုချက်ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်းမှုန့် အလုံးအခဲလေးတွေ မကျန်အောင် သေချာဖျော်ထားပြီး နာရီဝက်လောက်ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုံ၊ ဆား၊ ဆီအနည်းငယ် ထည့်ပြီး မီးအနေ တော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေးတွေ စဖြစ်လာပါက အဆက်မပြတ်မွှေပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ် ခန့်ကြာလျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း (သို့)ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့်ဇွန်းနှင့်ညှိ ပေးရကြောင်း၊ ပြီးနောက် သုံးနာရီ အအေးခံထားပြီးပါက တို့ဟူးစိမ်းများရရှိ၍ ဈေးကွက် သို့ရောင်းချကြောင်း၊ မြင်းခြံမြို့ အေးမြသီတာ ဈေးတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်၌ ရောင်းချနေသော တို့ဟူးစိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ လက်ကား တစ်ပိဿာ လျှင်(၅၅၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ နေ့စဉ်တို့ဟူးစိမ်း အချိန် (၇-၁၀) ပိဿာခန့်ရောင်း ကုန်ကြောင်း၊ စားသုံးမှုများပြီး လူကြိုက်များကြောင်း၊ ဝါတွင်းကာလလဲဖြစ်ပြီး သတ်သတ်လွတ်သမားများ လည်းစားသုံးကြသောကြောင့် အရောင်းအဝယ် ကောင်းကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)