
ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စိမ်းဈေးကွက်သို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသထွက် သင်္ဘောသီးစိမ်းများ လာရောက်ရောင်းချကြကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ရောင်းချခဲ့သော သင်္ဘောသီးစိမ်းဈေးနှုန်းများ မှာလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်သော သင်္ဘောသီး စိမ်းဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာ လျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက(၁၅၀၀) ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း သင်္ဘောသီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့် အထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြသဖြင့် သင်္ဘောသီးများအရောင်း အဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)