စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမြင့်စိုး(ဒု-ဦးစီးမှူး)ဦး ဆောင်၍ ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ နံနက် (၁၁ : ၀၀ ) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်ခြင်း၊ စပ်ဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊ ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိသော ဆေးဝါးများသာဝယ်ယူရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ကယား)