
၇.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom ဖြင့်တက်ရောက်ခဲ့သည်။
ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခြင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးက သတင်းအချက်အလက် ကျိုးပေါက်မှုမရှိစေရေး နည်းပညာအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)