Main menu

ပြည်နယ်ဦးစီးမှူးမှ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်

Powered by Drupal

    ၆.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဝန်ကြီးချုပ်၏ ပြည်မြန်မာမုန့်တိုက်နှင့် Myanmar Car & Motorcycle Business Co.,Ltd MCM Car & Motorcycle sale Center သို့ လှည့်လည်ကြည့်ရှုသည့် ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ သွေးသောက်ရပ်ကွက်ရှိ ပြည်မြန်မာမုန့်တိုက်သို့ ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး မုန့်တိုက်စက်ရုံအတွင်းရှိ ထုတ်လုပ်မှုအဆင့်ဆင့်တို့အား လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်ရပ်ကွက်ရှိ Myanmar Car & Motorcycle Business Co.,Ltd MCM Car & Motorcycle Sale Center သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)