Main menu

မုဒုံမြို့၌ ဥပဒေအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

Powered by Drupal

  မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဥပဒေအကြောင်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ ပေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို (၆.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြိုင်ကုန်း၌ ပြုလုပ်ခဲ့သည်။

     ဦးစွာ မုဒုံမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အမှာ စကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းသျှန္နီအေးက ကျောင်းတွင်း အကြမ်းဖက်မှု အကြောင်းအရာများ၊ ကျောင်းသား/သူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားစေတတ်သည့် အပြုအမူ များကို ရှောင်ရှားစေရန် အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့သည်။

   ထို့နောက် မုဒုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန်နှင့်စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေး အတွက် စာပေများကို ဖတ်ရှုလေ့လာကြရန် ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ​၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၉) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၀) ဦး တက်ရောက်ခဲ့ပြီး စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ် စာစောင်များ၊ စားသုံးသူအသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

DOCA (မွန်)