Main menu

မကွေးမြို့နယ်၊ ဖိုဝေးကျေးရွာ၌ မိုးမြေပဲအထွက်နှုန်းကောင်း၍ တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ သစ်ရာကောက်၊ ငါးဆောင်၊ ညောင်ပင် ကြီး၊ ဖိုဝေးစသည့်ကျေးရွာများသည် စိုက်ပျိုးရေးအဓိကထားလုပ်ကိုင်ပြီး ပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းစသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ဖိုဝေးကျေးရွာနေ ပဲစိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရ  မိုးမြေပဲများ စိုက်ပျိုးရာတွင် စွန်တာနီ (လုံးဆံနီ)နှင့် ဗီယက်နမ် ရေဆင်း (လုံးဆံဖြူ)မျိုးများကိုသာ အဓိကထားစိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလဆန်းတွင် စတင် စိုက်ပျိုးပြီး ယခုဇူလိုင်လ(တတိယပတ်)တွင် တူးဖော်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ () ဧကလျှင် မျိုး ပဲဆံ()တင်းခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က မိမိယာခင်းမှ ထွက်ရှိသော မြေပဲများကို မျိုးအဖြစ် ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖြန်းခ၊ ရိတ်သိမ်းတူးဖော်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ် (၉၅၀၀၀၀) ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မြေပဲတောင့်(၉၀)တင်း အထိထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မြေပဲအတောင့်()တင်းလျှင် ကျပ်(၂၀၀၀၀)ဖြင့်ရောင်းချ၍ အကျိုးအမြတ် အနေဖြင် ()ဧကလျှင် ကျပ်(၈၅၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)