
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ် သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ သခွပ်ပွင့်ခြောက်များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်း ချနေသည့် သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့်လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြောင်လျှာပွင့်ခြောက် (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် ကြောင်လျှာပွင့် ခြောက်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့်နှင့် ကြောင် လျှာပွင့်တို့သည် ဆေးဘက်ဝင်သောအပွင့်ခြောက်များဖြစ်ပြီး အရန်ဟင်းဖြစ်သည့်အတွက် အိမ်ရှင်မများ ကြိုက်နှစ်သက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)