Main menu

ကသာခရိုင် ဧရာမင်းဆန်ဈေးကွက် မြှင့်တက်

Powered by Drupal

            ကသာခရိုင် မြို့နယ်(၄)မြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက (၁၇၃၆၀၈)ဧကရှိပြီး ဧရာမင်း စပါးစိုက်ဧက (၃၀၆၇)ဧကရှိကြောင်း သိရှိရပါသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြှင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံးကြသည့်အတွက် ခရိုင်အတွင်းစိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။

             ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌဖြစ်သည့်ဦးမောင်မောင်မှ “ ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနှင့် ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြပါတယ်။ တောင်သူ အများစုကတော့ ဆင်းဧကရီ (၃)စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှု လည်းရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့အတွက် ဒေသတွင်းမှာ အနည်းငယ် သာစားကြပါတယ်။ စပါးအထွက်နှုန်းလည်း အခြားစပါးများထက်နည်းတဲ့အတွက် တောင်သူတွေ အစိုက်နည်းကြပါတယ်။ သို့သော်လည်း ဈေးကောင်းရတဲ့အတွက် စိုက်ပျိုးမှုရှိပါတယ်။ ၂၀၂၂-ခုနှစ် ဩဂုတ်လ ပထမပတ်မှစပြီး ဧရာမင်းဆန်ဈေးနှုန်းမှာ ရုတ်တရက်မြှင့်တက်လာခဲ့ပါတယ်။ ရွှေဘို၊ မန္တလေး၊ မတ္တရာ၊ ကောလင်းမြို့များမှ ဆန်ကုန်သည်များလာရောက်ပြီး ဧရာမင်းတစ်မျိုးတည်းကို သာ တင်းတစ်ရာ (၁၅)သိန်းဈေးဖြင့် ဈေးမြှင့်ပေးဝယ်ခဲ့ကြတဲ့အတွက် ယခင်တင်းတစ်ရာ (၁၁) သိန်း ဈေးမှ (၁၅)သိန်းဈေးကို ခုန်တက်ခဲ့တာဖြစ်ပါတယ်။ အခြားစပါးများက ဒေသတွင်းလက်ကျန်နည်း ချိန် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း အနည်းငယ်မြှင့်တက်မှုရှိပြီး သိသိသာသာမြှင့်တက်မှုမရှိကြောင်း တွေ့ရပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။

         ကသာခရိုင်အတွင်း ၂၀၂၂ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့ ဆန်စပါးပေါက်ဈေးမှာ ဧရာမင်း တင်းတစ်ရာ (၁၅)သိန်းကျပ်၊ ဆန်တစ်အိတ် (၅၅၀၀၀)ကျပ်၊ မှော်ဘီတင်းတစ်ရာ (၁၀၀၀၀၀၀) ကျပ်၊ ဆန် တစ်အိတ်(၄၈၀၀၀)ကျပ်နှင့် ဆင်းဧကရီ(၃) တင်းတစ်ရာ (၈၅၀၀၀၀)ကျပ်၊ ဆန် တစ်အိတ်(၃၅၀၀၀) ကျပ် ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)