Main menu

ရေတာရှည်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဥက္ကာသန်း ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့က ရေတာရှည် ဒေသရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည် ဒေသရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်ကြသော အောင်မေတ္တာ၊ ဟန်ဝင်းအောင်၊ Petro-K, Petro-7, Kyaw San နှင့် Pyay အရောင်းဆိုင်များတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးသည့် ရည်ညွှန်းလက်ကားဈေးနှုန်းများအတိုင်း ရောင်းချ ခြင်းရှိ/မရှိနှင့် လက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်အားလုံး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးသည့် ရည်ညွှန်းလက်ကား ဈေးနှုန်းများအတိုင်း ရောင်းချသည်ကို တွေ့ရှိရပါသည်။ သွားရောက်စစ်ဆေးချိန်တွင် ဆီဆိုင် တစ်ဆိုင်၌ Diesel နှင့် Premium Diesel ၊ ဆိုင်တစ်ဆိုင်တွင်  95 RON လက်ကျန် နည်းပါးနေသည်ကို တွေ့ရှိရသော်လည်း မကြာမီ ဆီဘောက်ဆာကားရောက်ရှိတော့မည်ဖြစ်၍ စက်သုံးဆီ ပြတ်လပ်မှုဖြစ်မည်မဟုတ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)