Main menu

သာစည်မြို့နယ်တွင် ငလျင်ဇာတ်တိုက်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ သရုပ်ပြပွဲ ကျင်းပပြုလုပ်

Powered by Drupal

       ၂၉-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့ အ.ထ.က(၁)တွင် သဘာဝဘေးအန္တရာယ် စိမံခန့်ခွဲမှု အဖွဲ့မှ ဦးဆောင်၍ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ် ကြက်ခြေနီနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ငလျင်ဇာတ်တိုက်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန် တူ သရုပ်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။

       အဆိုပါအခမ်းအနားတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အ.ထ.က (၁) သာစည် မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြောင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆုငွေများချီးမြှင့် ခဲ့ကြောင်း၊ မိတ္ထီလာခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ တက်ရောက်သူများအားမုန့်၊ အအေးတို့ဖြင့် ဧည့်ခံခဲ့ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းစဉ်များကို အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)