Main menu

သာစည်မြို့နယ်တွင် မိုးစပါး စတင်စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်

Powered by Drupal

        မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံများစိုက်ပျိုး ဖြစ်ထွန်းရာ မိုးစပါးကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်စတင်စိုက်ပျိုးကြောင်း၊ ဒီဇင်ဘာလ ပထမအပတ်တွင် ရိတ်သိမ်း မည်ဖြစ်ကြောင်း  ၃၀-၇-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ် ၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ (၁၈၇၃)၊ ဦးပိုင်အမှတ် (၈၀/၁)ရှိ တောင်သူ ဦးထင်အောင်၏ လယ်မြေ၌ မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနားကို ပြုလုပ်ကျင်ပခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး မြို့နယ် စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှုလယ်ယာစခန်းမှ ဦးဆောင်၍ (၁၀)တန်းသွားမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ အမှာစပါးပြောကြားခြင်း၊ တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများမှ ဖြေကြားပေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)