
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများ သည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်ပါအချက်အလက် များပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရန်ရည်ရွယ်၍ (၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်(၄)ဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင် များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက် တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအနေ ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာအစားအစာများ၊ အသုပ် များတွင် ခြင်၊ ယင်မနားစေရန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေး များနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းသိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
DOCA(မကွေး)