Main menu

“ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

             ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူများ စက်သုံးဆီစျေးနှုန်းမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့်စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အတွက် ဖြည့်တင်း မှုများကြပ်မတ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ အချို့သော စက်သုံးဆီဆိုင်များသည် စက်သုံးဆီ စျေးနှုန်းပြောင်းလဲမှုရှိလာနိုင်မည်ဟုယူဆပြီး မိမိအကျိုးစီးပွားကိုမျှော်လင့်၍ စက်သုံးဆီပြတ်လပ် ခြင်း သို့မဟုတ် လက်ကျန်နည်းပါးခြင်းဟု ပြောဆိုရောင်းချမှုရပ်တန့်ထားခြင်းနှင့် အကန့်အသတ် ဖြင့်ရောင်းချခြင်းများ ဆောင်ရွက်နေမှုမရှိစေရေးနှင့် မြို့နယ်အတွင်း မလိုလားအပ်သော သတင်းအမှားများနှင့်ပြည်သူအများ စိုးရိမ်ကြောင့်ကြမှု မရှိစေရေးတို့အတွက် ကျောက်ဆည်မြို့နယ်  စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၊ မြို့နယ် ရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်(၁၄-၈-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ စစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ၊ စျေးနှုန်း မြင့်တက်မှုမရှိစေရေး၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက်ဆောင်ရွက်လျှက်ရှိကြောင်း ၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီ တင်သွင်း ၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှသတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများ ထက်ပိုမိုကျော်လွန်၍ရောင်းချခြင်းမရှိရန်လိုကြောင်း ၊ အချင်အတွယ်မှန်ကန်စွာရောင်းချရန်နှင့် အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာဝယ်ယူရောင်းချရန် ပြောကြားခဲ့ပြီး မြို့နယ်အတွင်း၌ ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်(၄၁)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)