Main menu

ဖြူးမြို့ မြို့မ(၁)မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဟောပြောပွဲတွင် ဖြူးမြို့နယ်တာဝန်ခံရုံးမှ အကြီးတန်းစာရေး ဒေါ်သဲဆုရည်မွန်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များတွင် တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်ခြင်းများကို ဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ဖြူးမြို့၊ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး၊ ဒေါ်ဇင်မင်းထွန်းက ဝမ်းရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက “အသိပညာတိုးပွားဖို့ စာဖတ်ကြပါစို့”ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၃၄၉ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)