Main menu

တပ်ကုန်းမြို့နယ်၊ သပြေချောင်း၊ အခြေခံပညာလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၁၆-၈-၂၀၂၂) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ သပြေချောင်း၊ အခြေခံပညာလယ်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားအစီအစဥ်(၄)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက် ၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ် ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား (၁၁း၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပြီး သတ္တမတန်းနှင့် အဌမတန်း၊ ကျောင်းသား/သူ စုစုပေါင်း (၈၅)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)