Main menu

မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း အကောက်ခွန်မဲ့ စားသုံးဆီများ ဖမ်းဆီးရရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမဝင်ကန့်သတ်၊ တားမြစ်ကုန်စည်များနှင့် အကောက်ခွန်မဲ့ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီးအဆင့် တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေး ကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့အား မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး (၄.၁၀.၂၀၂၁)ရက်နေ့မှစ၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဆိုင်ရာပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ကုန်တင်/ကုန်ချပြုလုပ်သော မော်တော်ယာဉ်များအား စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။

           (၁၃.၈.၂၀၂၂)ရက်နေ့နံနက်(၀၈:၀၀)ခန့်တွင် မကွေးမြို့အတွင်းသို့ ကုန်စည်များပေးပို့သည့်  မော်တော်ယာဉ်များအား အမှတ်(၂) ဂိတ်စခန်း၌ တာဝန်ကျ ဝန်ထမ်းများမှ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့မှ မကွေးမြို့သို့ ကုန်မျိုးစုံ သယ်ဆောင်လာသော Nissan (၆)ဘီး မော်တော်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံထုတ် Cooking Oil (18 Liter) (၂၀၀)ပုံး အားစစ်ဆေးရာ အဆိုပါပစ္စည်းနှင့် ပတ်သတ်၍ အထောက်အထားများ တောင်းခံရာတွင် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ထပ်မံစစ်ဆေး၍ အကောက်ခွန်မဲ့ တင်သွင်းလာသော ထိုင်းနိုင်ငံထုတ် Cooking Oil (18 Liter) (၂၀၀)ပုံး ခန့်မှန်းတန်ဖိုးငွေကျပ် (၁၂၀၀၀၀၀ဝိ/-) (သိန်းတစ်ရာနှစ်ဆယ်)ကျပ်နှင့် အဆိုပါအကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာသော Nissan (၆)ဘီး မော်တော်ယာဉ် ခန့်မှန်း တန်ဖိုးငွေကျပ် (၁၈၀၀၀၀၀ဝိ/-) (သိန်းတစ်ရာ ရှစ်ဆယ်)ကျပ် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၃၀၀၀၀၀၀ဝိ/-) (သိန်းသုံးရာ)ကျပ်တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများအား ဖမ်းဆီးရမိသဖြင့် လုပ်ထုံး လုပ်နည်းများ နှင့်အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာနသို့ လွဲပြောင်းအပ်နှံပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)