Main menu

မှော်ဘီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား စားအုန်းဆီဖြန့်ဖြူးရောင်းချပေးခြင်း

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချပေးလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ၂၁.၇.၂၀၂၅ ရက်နေ့၊ နံနက်(၆:၀၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၇၅)ပိဿာ၊ (၁)ဗူးစီရောင်းချပေးပြီး (၂၁.၇.၂၀၂၅)ရက်နေ့တွင် (၈၀၀)ဗူးရောင်းချ ခဲ့ရာ ကျန်ရှိသောဗူး(၂၀၀၀)အား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန် သည်ကြီးများအသင်းအဖွဲ့ဝင် ကိုယ်စားလှယ်များကလာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)