Main menu

နေပြည်တော်ရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငါးပိများ ထောက်ပံ့ပေးမှု အခြေအနေ

Powered by Drupal

       ပြည်ထောင်စုနယ်မြေရှိ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းနှင့် မှီခိုသူဦးရေ ၁၃၁၉32 ဦးအား ၂၀၂၅ ခု၊ မေလအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငါးပိများ ထောက်ပံ့နိုင်ရန် လူတစ်ဦး တစ်ရက်လျှင် ဆန် 2 ဗူး၊ ဆီ 2.5 ကျပ်သား၊ ဆား 1 ကျပ်သား၊ ကုလားပဲ 5 ကျပ်သားနှင့် ငါးပိ 0.5 ကျပ်သားနှုန်းတို့ဖြင့် တစ်လစာအတွက် ဆန် 41240 အိတ်၊ 15 ပြည်၊ ဆီ 98977 ပိဿာ၊ 50 ကျပ်သား၊ ဆား 39591 ပိဿာ၊ ကုလားပဲ 197955 ပိဿာနှင့် ငါးပိ 19795 ပိဿာ၊ 50 ကျပ်သားတွက်ချက်ရရှိပြီး၊ ဝန်ကြီးဌာန ၄၅ ခုမှ ဝန်ထမ်းနှင့် မှီခိုသူများအား 2025 ခုနှစ်၊ မေလအတွက် (ဒုတိယအကြိမ်)ထောက်ပံ့ရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ စီစဉ်ဆောင်ရွက်ရာတွင် 11.6.2025 ရက်မှစတင်၍ ဝန်ကြီးဌာနများအား ဖြန့်ဝေ ဆောင်ရွက်ရာ၌ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငါးပိများအား ၄.၇.၂၀၂၅ ရက်နေ့တွင် အကုန်အစင် ထုတ်ပေးပြီးဖြစ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)